Wednesday, February 3, 2010

Folder Icon ပြောင်းဖို့

ကျနော့် သူငယ်ချင်းတစ်ယောက်က ပြောတယ်။ မင်း icon ပြောင်းနည်းတွေရေးတာ Drive နဲ့ other icon တွေကတော့ ဟုတ်ပါပြီ။ ဘယ်မှာလဲ Folder icon ပြောင်းဖို့တဲ့။ အဲတော့မှ သတိရတယ်။ ကျနော် ရေးဖို့ ကျန်နေသေးတာပဲ … ။ ဘာမှ ပင်ပင်ပန်းပန်း လုပ်ပြမနေတော့ဘူးဗျာ … အလယ်ကားရပြီး စိတ်ချရတဲ့ ပေါ့ပေါ့ပါးပါး freeware လေးတွေနဲ့ ပဲ ပြောင်းသုံးကြည့်ရအောင်ဗျာ။ iColor Folder လေးသုံးပြမယ်ဗျာ။
အပေါ်က ပုံလေးကိုပဲ နှိပ်ပြီး Download ယူလိုက်ပါ။ ပြီးရင် Run ခဏလေးပဲဗျ။ သူ့မှာ folder စတိုင် ၄ မျိုးပဲ ပါလိမ့်မယ်။ ဒီမှာ ထပ်နှိပ်ပြီး Addition packer လေး Download ထပ်ချ Run လိုက်။ (အပေါ်က ICF ကို run ပြီးမှ Additional ကို run ရမှာ ဖြစ်ပါတယ်)

အဲဒါပဲဗျ။ ပြောင်းသွားပြီ ဖိုဒါစတိုင်တွေ။ စိတ်ကြိုက် ပုံစံတွေ ရွေးချင်ရင်တော့ Start – All Programs – ColorFolder – Skin Selector ကိုနှိပ်လိုက်။ အောက်ပါအတိုင်း selector ပေါ်မယ် ။ နမူကြည့်ပြီး ပြောင်းယုံပဲ,..
Use generic folder icon defined in the skin ဆိုတာကို check လုပ်ထားရင် folder တွေအားလုံး ရွေးလိုက်တဲ့ အတိုင်း လိုက်ပြောင်းနေလိမ့်မယ်။ မိမိမှာ ရှိတဲ့ icon ကိုသုံးချင်တာ ဆိုရင်တော့ အဲဒါကို uncheck လုပ် Browse ကို နှိပ်ပြီး ပြောင်းပေါ့။

တစ်ခုချင်းကိုလည်း မိမိမှတ်ရလွယ်အောင် ပြောင်းထားလို့ ရပါတယ်။ ပြောင်းမယ့် folder ကို R-Click လုပ်ပြီး Color label ကို ထောက်လိုက်ရင် အောက်ပါအတိုင်းပေါ်မယ်။
color ကို ရွေးပေးလိုက်လို့ ရသလို၊ Custom ကို နှိပ်ပြီး မိမိကြိုက်ရာ icon ပြောင်းထားပေးလို့လည်းရတယ်။
အဲမှာ ပါတာတွေကိုမှ မကြိုက်သေးဘူးဆိုရင်လည်း အောက်က နေရာတွေမှာ free ရတယ်ဗျ… Download ချပြီး ပြောင်းသုံးပေါ့ဗျာ။ တစ်ခြား Software တွေထက်စာရင် ပေါ့ပါးပြီး error နည်းတယ်ဗျ။ တော်တော်လေး အဆင်ပြေပါတယ် သုံးကြည့်လိုက်ကြပါဦး။



http://www.iconarchive.com/category/folder

http://www.apple.com/downloads/macosx/icons

http://www.download.com/130-Fun

http://www.download.com/Folder-Iconizer

http://www.nesoft.org/change-folder



ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)