Wednesday, February 3, 2010

Microsoft Office 2010 Technical Preview

Microsoft Office ဆိုတာ ကွန်ပျူတာသမား တိုင်း သိကြပါတယ်။ Basic Course စပြီဆိုတာနဲ့ MS Office က စတာကိုး။ အထူးတလည်ပြောနေစရာမလိုပါဘူး။ 2003 နဲ့ use to ဖြစ်နေကြတဲ့အချိန်မှာ MS Office 2007 ကို ထုတ်ပေးတယ်။ အခုလည်း 2007 အသားမကျခင်မှာကိုပဲ 2010 ထုတ်ဖို့အတွက် preview နဲ့ စတင်လာပါပြီ။

perfect မဖြစ်သေးပေမယ့် အသစ်အဆန်း တွေမှ စိတ်ဝင်စားတတ်တဲ့လူတွေအတွက် ဘာကွာခြားလာလဲဆိုတာ လေ့လာချင်စရာပါ။ 2003 နဲ့ 2007 မှာ ဘာတွေကွာခြားသွားလဲ သိလိုက်ကြမှာပါ။ အခုလည်း 2007 နဲ့ ကွဲပြားအောင်ကို MS က ထုတ်လိုက်ပါတယ်။
ဘာတွေ ဘယ်လိုဆိုတာ ကျနော်အပြည့်အစုံမရေးပေးနိုင်တာကို သည်းခံပေးပါ။ ကျနော်က Dictionary တို့ Office တို့နဲ့ဆို ဝေးဝေးနေတယ်။ ကျောင်းစာနဲ့နီးစပ်ရင် စိတ်ကုန်လွန်းလို့လေ …
ကိုယ်တိုင်ပဲ စမ်းလိုက်ကြပါဦးဗျာ … အောက်ကလင့်မှာ သူ့ရဲ့ screenshots ပေါင်းများစွာကို ကြည့်နိုင်ပါတယ်။ ကျနော့်ဘလော့မှာဆို ပုံတွေများပြီးလေးသွားမှာစိုးလို့ ထပ်ညွှန်းလိုက်ရတာပါ။

ဒီမှာ download Microsoft Office 2010

Download ကို Mirror နှစ်နေရာကနေ တင်ပေးထားပါတယ်။ တစ်နေရာမှာ ၂ မျိုးရှိပါတယ်။ x86 bit ရယ်၊ x64 bit ရယ်။ သိပြီးသားဖြစ်ကြမှာပါ။ groups ၄ ခုထဲက မိမိနဲ့အဆင်ပြေမယ့် Hosting နဲ့ Windows ကို ရွေးပြီးဒေါင်းလိုက်ပါ။ ( x32bit ရှိတဲ့ windows မှာ x64 bit Software ကို Install လုပ်လို့ရပေမယ့်၊ x64 ၀င်းဒိုးမှာ x32 Software ကို Run ခွင့်ပေးမှာ မဟုတ်ပါဘူ...



ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)