ကိုယ်မှ မနမ်းရက်လျှင်
မွှေးမှန်းဘယ်သူသိမလဲ။
မင်းခါးပေါ်က ပ၀ါ
ကိုယ်မှ မလှမ်းသာလျှင်
နံ့သာဖျန်းတဲ့ ပ၀ါတကမ်းမှန်း
ဘယ်သူသိမလဲ။
မင်းခေါင်းပေါ်က ပန်းတမွတ်
ကိုယ်မှ မဆွတ်လျှင်
အထွတ်အမြတ်ပန်းကလေးမှန်း
ဘယ်သူသိမလဲ။
တယောက်တည်းသောသိခွင့်ရစတမ်းမို့
ကိုယ်မှတပါးတခြားသူသိမယ်ဆိုလျှ
ပျိုရွယ်ခြင်းရဲ့ အိနြေ္ဒ။
အခြေအနေ ဟန်မပျက်
အရှက်ရသွားမှာပေါ့ကွယ်။ ။
ပြီးပါပြီ ...
1 comments:
ကဗျာလေက ကောင်းတယ်နော်..
ဘာကို ရီရွှယ်ပြီး ရေတာလဲ..
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)