Sunday, May 2, 2010

Apple Macbook Pro Spring 2010




Apple ကုမ္ပဏီကမှ MacBook ကို ၂၀၁၀ ခုနှစ်အတွက် ထပ်မံအဆင့်တိုးမြှင့်ပြီး ထုတ်လုပ်ပေးလိုက်ပါတယ်။



ယခင်မော်ဒယ်တွေထက် ပိုမိုကောင်းမွန်လာတယ်လို့ဆိုနိုင်တဲ့ အချက်နှစ်ချက်ကတော့ hard drive အရွယ်အစားနဲ့ ပရော်ဆက်ဆာရဲ့အမြန်နှုန်းပါ။ ၁၅ လက်မနဲ့ ၁၇ လက်မအရွယ် MacBook Pro တွေမှာ Intel ရဲ့ Core-i CPU တွေကိုထည့်ပေးထားပါတယ်။ ယခင်ကတော့ Core 2 Duo မော်ဒယ်တွေကို သုံးစွဲထားတာပါ။ ၁၃ လက်မအရွယ်သာရှိတဲ့ MacBook Pro တွေမှာတော့ Core 2 Duo CPU တွေကိုသာ သုံးစွဲနေဆဲဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ Corei3, Corei5 နဲ့ 7 version တွေက ခေတ်စားနေတာဖြစ်ပြီး ၎င်းတို့ကိုသုံးစွဲဖို့အတွက် chipset အသစ်တွေလိုအပ်သလို Nvidia GeForce 9400 ဂရပ်ဖစ်ကိုလည်း Intel ရဲ့ဂရပ်ဖစ်နဲ့ အစားထိုးပြောင်းလည်းပေးဖို့ လိုအပ်ပါတယ်။ လက်ရှိ MacBook Pro က ယခင်ရောင်းဈေးထက် အမေရိကန်ဒေါ်လာတစ်ရာလောက် ဈေးပိုသက်သာတာကို တွေ့ရပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၂,၁၉၉ဒေါ်လာမှ ၁၆၉၉ ဒေါ်လာအတွင်းမှာရှိနေပါတယ်။ ပရိုဆက်ဆာအနေနဲ့ကတော့ 2.66GHz Intel Core i7 M620 ကိုထည့်ပေးထားတာပါ။ Memory ကတော့ 4GB ပမာဏ သိုလှောင်နိုင်စွမ်းရှိတဲ့ 1066MHz DDR3 အမျိုးအစားကို ထည့်ပေးထားပါတယ်။ Hard drive ကတော့ 500GB ပမာဏရှိပြီး ၎င်းင်းရဲ့ rpm ကတော့ 5,400rpm ဖြစ်ပါတယ်။ ချစ်ပ်အနေနဲ့ကတော့ Intel HM55 ကိုထည့်ပေးထားပါတယ်။ ဂရပ်ဖစ်အနေနဲ့ကတော့ Nvidia Geforce GT330M + Intel GMA 4500 MHD တို့ကို ထည့်ပေးထားပါတယ်။ Apple MacBook Pro Spring 2010 ရဲ့အတိုင်းအတာကတော့ အလျား ၁၄.၄ လက်မ၊ အနံ ၉.၈ လက်မနဲ့အထူ ၀.၉ လက်မရှိပါတယ်။ စကရင်ရဲ့ အရွယ်အစားကတော့ ဒေါင့်ဖြတ်တိုင်းတာခဲ့မယ်ဆိုလျှင် ၁၅.၄ လက်မရှိတာကိုတွေ့ရပါလိမ့်မယ်။ System ရဲ့အလေးချိန်ကတော့ AC Adapter ပါခဲ့လျှင် ၅.၅ ပေါင်လေးမှာဖြစ်ပြီး မပါခဲ့လျှင် ၆.၂ ပေါင်သာလေးပါလိမ့်မယ်။ ၁၅.၄ လက်မအရွယ်စကရင်ရဲ့ မူလ resolution က 1,440x900 pixel ရှိပါတယ်။ 1,680x1,050- pixel display resolution ကိုလိုချင်တယ်ဆိုလျှင်တော့ အမေရိကန်ဒေါ်လာ ၁၀၀ သို့မဟုတ် ၁၅၀ လောက်ပိုပေးရမှာဖြစ်ပါတယ်။ MacBook Pro Spring 2010 မှာတော့ ဗီဒီယိုအတွက် Mini Display Port ပါရှိပြီး အသံပိုင်းအတွက် Stereo စပီကာ၊ headphone/microphone jack တို့ကိုထည့်ပေးထားပါတယ်။ အချက်အလက်တွေ သယ်ယူဖို့နဲ့ ထည့်သွင်းဖို့ကတော့ USB2.0 နှစ်ခု၊ FireWire 800 နဲ့ SD card reader တို့ကိုထည့်ထားပါတယ်။ Expansion slot ကိုတော့ ထည့်ပေးမထားပါဘူး။ ကွန်ရက်မှာသုံးစွဲဖို့အတွက်က Ethernet, 802.11b/g/n Wi-Fi နဲ့ Bluetooth တို့ကိုထည့်ပေးထားပါတယ်။ Optical drive အတွက်ကတော့ DVD burner ပါရှိပါတယ်။ ထည့်ပေးထားတဲ့ဘက်ထရီရဲ့ သုံးစွဲနိုင်တဲ့အချိန်ကတော့ ၆ နာရီဖြစ်ပါတယ်။ ယခင် version အဟောင်း ၁၅ လက်မတုန်းကတော့ ဘက်ထရီက ၅ နာရီနဲ့ ၅ မိနစ်အထိသာ အသုံးခံတာကိုတွေ့ရပါတယ်။
 
 
ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)