Windows 7 ကိုအသုံးပြုနေသည့် ကွန်ပျူတာများဖြင့် နောက်ဆုံးပေါ် အဆင့် မြင့် Upgrade ဖန်တီးထားသည့် feature အားလုံးကို ရယူပိုင်ဆိုင်ခွင့်ရှိကြောင်း သိရှိရသည်။ Windows Anytime Upgrade ဟုခေါ်သည့် feature က user များ အား code တစ်ခုနှင့် သော့ဖွင့်သည့် Feature အသစ်များဝယ်ယူသည့် လုပ်ငန်းစဉ်ကို ၁၀ မိနစ်တိတိ ကာလအတွင်း ဝယ်ယူ အသုံးပြုနိုင်ကြောင်း အဆိုပါ ဆော့ဖ်ဝဲ ဖန်တီးသူက ပြောကြားခဲ့သည်။
Microsoft အနေဖြင့် အဆိုပါ Upgrade ပြုလုပ်နိုင်ခွင့်ကို user များသိရှိအောင် ယခုမှ အသိပေးနိုင်ခြင်းဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲ ဖန်တီးသူက ပရိုမိုးရှင်း တစ်ခု ပေးပြီး User များနားလည်သိရှိစေရန် စတင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ထားသည်။ Windows 7 Storter အသုံးပြု သည့် PC ဝယ်ယူခြင်းဖြင့် Windows 7 Horoe Premium ကို ၄၉ ဒေါ်လာဖြင့် ရယူအသုံးပြုနိုင်အောင် ပြောင်းလဲခွင့်ပြုမည် ဟု ဆိုသည်။အမေရိကန်နိုင်ငံတွင် အဆိုပါအခွင့်အရေးကို ဇူလိုင် ၃ ရက်နေ့အထိ သတ်မှတ်ကန့်သတ်ချက်ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်သည်။ Microsoft ၏ ယခုဆောင်ရွက်မှုသည် အသေးစားစီးပွားရေး လုပ်ငန်းများအား ၄င်းတို့နှစ်သက်သည့် Windows 7 Machire ကို အမှန်တကယ် ရယူခွင့်ရှိစေမည်ဟုပြောသည်။
ပြီးပါပြီ ...
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)