Sunday, May 2, 2010

သုတေသီများမှ zip ဖိုင်တွင်ကပ်ညှိနေသော malware ကို သတိပေးပြောဆို

လုံခြုံရေးဆိုင်ရာသုတေသီများမှ .zip ဖိုင်အပါအ၀င် လူသုံးများသောဖိုင် Format များရှိ အားနည်းချက်များကို ရှာဖွေစစ်ဆေးလျက်ရှိပြီး .zip ဖိုင်တွင် ပုန်းအောင်းခိုကပ်နေသော malware နှင့်ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ပါတယ်။

Reversinglabs Corp မှဥက္ကဋ္ဌဖြစ်သူ Mario Vuksan မှထုတ်ဖော်ပြောဆိုချက်အရ .zip ဖိုင်များတွင် အားနည်းချက်ရှစ်ခုရှိပြီး အခြား .7zip, .rar, .cab နှင့် .gzip ဖိုင် format များမှာလည်း အားနည်းချက်များရှိကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။ ထိုအားနည်းချက်များမှတဆင့် တိုက်ခိုက်သူများမှ malware များထည့်သွင်းကာ တိုက်ခိုက်နိုင်ကြောင်း Mario Vuksan မှ ထပ်မံသတိပေးပြောဆိုခဲ့ပါတယ်။ ထို့ပြင် ၎င်းဖိုင် Format များအတွင်း malware များထည့်သွင်းကာ Gmail နှင့် Hotmail များမှတဆင့် ပို့လွှတ်တိုက်ခိုက်နိုင်ပါတယ်။ ထို malware များဟာ ဖိုင်များအတွင်း ကပ်ညှိပုန်းအောင်းနေတာကြောင့် Antivirus ဆော့ဖ်ဝဲများအနေဖြင့် အလွယ်တကူမတွေ့ရှိနိုင်ကြောင်း Vuksan မှပြောကြားခဲ့ပါတယ်။ ထို့ကြောင့် Nyx Engine ဟုခေါ်သော tool တစ်ခုကိုထုတ်လုပ်နိုင်ရန် ပြင်ဆင်နေပြီး ၎င်း tool ဟာ ကွန်ရက်အတွင်းရှိ ပုန်းအောင်းကပ်ညှိနေသော malware များကို ရှာဖွေစစ်ဆေးပေးနိုင်ကြောင်း သိရှိရပါတယ်။



ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)