skip to main |
skip to sidebar
အာရှပစိတ်ဖိတ်ဒေသတွင်းက
ဘလော့ဂ်ဂါတွေ တွေ့ဆုံပွဲကို BlogFest.Asiaက ဦးဆောင်ပြုလုပ်မယ်လို့
သိရပါတယ်။ ဒီတွေ့ဆုံပွဲကို ၂၀၀၉ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့ကနေ ၈ရက်နေ့အတွင်း
ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ဘလော့ဂ်ဂါတွေလည်း
တက်ရောက်မယ်လို့ သိရပါတယ်။ ဘယ်သူတွေလည်းဆိုတာတော့ မသိသေးပါ။
BlogFest.Asiaရဲ့ Twitter updateအရ
တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊
ထိုင်း၊ ဗီယက်နမ်တို့မှ ဘလော့ဂ်ဂါများ လာရောက်ကြမယ်လို့ အတည်ပြုထားပြီး
ပါကစ္စတန်နဲ့ အနောက်၊ အရှေ့အာရှက ဘလော့ဂ်ဂါတွေကို တက်ရောက်မှု
အတည်ပြုနေတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ အောက်ကလင့်ခ်တွေမှာ
သွားရောက်ဖတ်ရှုနိုင်ပါတယ်။
- BlogFest.Asia update
- Program
- Speakers
- Online Registration
- Venue
- Travel & Hotel Info
ပြီးပါပြီ ...
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)