မြန်မာနိုင်ငံမှာ
အင်တာနက်ကဖေးတွေကို အားကိုးပြီး ဘလော့ဂ်ပို့စ်တွေ တင်နေရတဲ့ ဘလော့ဂ်ဂါတွေ
ကြုံရလေ့ရှိတဲ့ အခက်အခဲတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ မကြာခဏ ကြုံရပါတယ်။
အင်တာနက်ကဖေးမှာ ဘလော့ဂ်အတွက် ပို့စ်တင်ဖို့ ပြင်ဆင်တဲ့အခါ တခါတလေ
ပုံတွေကို ပြင်ဆင်ချင်တဲ့အခါ ဖိုတိုရှော့ပ်ဆော့ဖ်ဝဲသုံးဖို့ လိုပါတယ်။
အဲဒီအခါ ကိုယ်သုံးနေတဲ့ အင်တာနက်ကဖေးက ကွန်ပျူတာမှာ ဖိုတိုရှော့ပ်ဆော့ဖ်ဝဲ
အင်စတော လုပ်မထားခဲ့ရင် အခက်အခဲဖြစ်ရပါတယ်။ ကျွန်တော်သုံးဖူးသလောက်
ဆိုင်အတော်များများကလည်း ဒီဆော့ဖ်ဝဲကို ထည့်မထားတတ်ကြပါဘူး။ Pixlr
ဝက်ဘ်ဆိုက်မှာ ဒီအခက်အခဲကို ဖြေရှင်းနိုင်ပါတယ်။


Pixlr Home Page
ပုံတွေကိုအွန်လိုင်းမှာ
တည်းဖြတ်ပြင်ဆင်ဖို့ ဖိုတိုရှော့ပ်ပုံစံ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Beta
version အဆင့်ဖြစ်ပေမယ့် သုံးရတာ အဆင်ပြေပါတယ်။ မြင်တွေ့သုံးစွဲရတာက
ဖိုတိုရှော့ပ်ပုံစံအတိုင်းဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်တဲ့
ပြင်ဆင်မှုမျိုးတွေ ပြုလုပ်နိုင်မှာ မဟုတ်ပေမယ့် ကိုယ့်ရဲ့ဘလော့ဂ်၊
ဝက်ဘ်ဆိုက်နဲ့ အခြားလူမှုဆက်သွယ်ရေး ဆိုက်တွေမှာ ပုံတွေတင်ချင်တဲ့အခါ
သုံးဖို့အဆင်ပြေပါလိမ့်မယ်။ သတိထားရမှာတစ်ခုက အင်တာနက်ကွန်နက်ရှင်
ကောင်းရဲ့လားဆိုတာပါပဲ။ ကွန်နက်ရှင်မကောင်းရင်တော့ ဆိုက်ဘာကဖေးကို
အလုပ်အကျွေးပြုသလို ဖြစ်နေမလားမသိပါ။

 Pixlr Editor Page 






0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)