Monday, July 19, 2010

Nero ဖြင့် CD Burn ခြင်း



ကဲဒီတစ်ခေါက်တော့ Nero Software နဲ့ CD Brun ပြပါမယ်။ ဒီလိုမျိုး CD Burn နိုင်ဖို့ရန်အတွက် သင့်ဆီမှာ CD - RW

သို့မဟုတ် DVD-RW ( Read Write ) ရှိမှရပါမယ်။ ဆိုလိုတာက ဒီလိုပါ။ ၎င်း  CD-RW တွေ DVD-RW တွေက Read
လုပ်လို့လည်းရတယ်။ Write လုပ်လို့လည်းရတယ်လေ။ ဒါကြောင့်ပါ။ ကဲဒီလိုမျိုး Hardware Device တွေရှိရုံနဲ့
လည်းမရသေးပါဘူး။ အခုပြောပြမယ့် Nero Software လိုခွေရှိမှလည်ရပါ့မယ်။ ၎င်း Software က CD, DVD နဲ့
Hardware Device ကြား Data များ Video များနဲ့ အသံပိုင်းများကူးယူနိုင်ရန် အတွက်ကြားခံဆောင်ရွက်ပေးပါတယ်။
ကဲအခုဒီဆောင်းပါးမှာ Nero ဖြင့် CD ကို ဘယ်လိုမျိုး Burn လို့ရလဲဆိုတာကို ပြောပြပေးပါမယ်။ သင့်ရဲ့စက်ထဲမှာတော့
Nero Software ကအဆင်သင့်ရှိနေရမယ်နော်။
စကြရအောင်..



် Dektop ပေါ်ရှိ Nero Icon လေးကို Double Click နှိပ်ပေးပါ။



် Nero Box ကျလာပါလိမ့်မယ်။ ဒီနေရာမှာ ပုံ တွင်ဝိုင်းပြထားတဲ့နေရာဆီကို ရောက်အောင်သွားပါပြီးပါက
Make Data CD ကို Double Click နှိပ်ပေးပါဒီနေရာမှာ ကျွန်တော်က Data ကို CD-R ပေါ်သို့ Burn ပုံ ကိုပြောပြပါမယ်။




် သင်စပြီးတော့ Data ကိုရွေးချယ်ပေးရပါတော့မယ် ဒါဆိုပုံမှာ ၀ိုင်းပြထားတဲ့ Add ဆိုတဲ့ Button ကို Click
နှိပ်ပေးပါ။



သင်၏ Data ရှိရာလမ်းကြောင်းကိုရွေးပေးပါလေ။ ပြီးပါက Add ကို Click နှိပ်ပေးပါ။



့ ကျွန်တော်ထည့်လိုက်တဲ့ Data ကိုတွေ့မြင်ရပါလိမ့်မယ်။ ဒီနေရာမှာအောက်တွင် Programs box လေးကို
တွေ့မြင်ရလိမ့်မယ်။ ၎င်း Programs box သည် သင့်ရဲ့ Data ပမာဏ မည်မျှရှိသည်ကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။  ပြီးပါက
Next ကို Click နှိပ်လိုက်ပါ။




Disc Name ကို နာမည်ပေးလို့ရပါတယ်။ အဲနောက်ထပ်မိမိက Disc ပေါ်ရေးတဲ့ Writing Speed
ကိုထပ်ပြီးချိန်ညှိချင်သပဆိုရင် ပုံ မှာဝိုင်းပြထားတဲ့ Arrow လေးကို Click နှိပ်ပေးပါ။



Arrow လေးကို Click နှိပ်ပြီးတာနဲ့ တပြိုင်နက် Writing Speed ကို 32x နဲ့ ထားပေးခဲ့ပါတယ်။ ပြီးရင်၎င်း
Arrow လေးကိုပဲ Click ပြန်နှိပ်ပေးပါ။



့ Disc Name ကိုပြောင်းပေးထားပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ Burn ကို Click နှိပ်နိုင်ပါပြီ။



CD-R ပေါ်သို့ Data တွေ Writing လုပ်နေတဲ့ Speed ကိုတွေ့မြင်ရပါလိမ့်မယ်။


CD-R ပေါ်သို့ Data ကူးတာပြီးဆုံးသွားပြီဖြစ်ပါတယ်။

စာဖတ်သူတို့အတွက် တစ်ခုသိထားရမှာက CD-RW ဆိုတဲ့ Device ဟာ CD ကိုပဲ Read, Write လုပ်ပေးနိုင်ပါတယ်။ DVD
ကိုတော့ဖြင့်မလုပ်ပေးနိုင်ပါဘူး။ DVD-RW ဆိုတာကတော့ CD ကော၊ DVD တွေပါ Read-Write ပြုလုပ်ပေးနိုင်စေပါတယ်။

 ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)