Monday, August 16, 2010

gmail ဖွင့်မဖွင့် သူငယ်ချင်တွေကိုသိစေချင်ရင်

မိမိရဲ့ ဘလော့ဂ်ကို လာရောက်သူတွေအနေနဲ့ မိမိ အွန်လိုင်းမှာမှာရှိ/မရှိသိစေဖို့အတွက် ဒီ Gtalk Badge လေးကို ထည့်သွင်းထားချင်တယ်ဆိုရင်.. အောက်မှာဖော်ပြထားတဲ့ နည်းအတိုင်း လိုက်လုပ်ကြည့်ကြပါ။ ဘလော့ဂ်တော်တော်များများမှာတော့ ဒီအကြောင်းကိုရေးသားတင်ပြထားတာတွေ တွေ့ဖူး၊ ဖတ်ဖူး၊ လေ့လာ ဖူးပါတယ်။ သို့ပေမယ့် ယင်းဘလော့ဂ်များအား တိကျစွာညွှန်ပြပေးနိုင်မှုမရှိခြင်း၊ ဘလော့ဂ်အား ညွှန်ပြနိုင်ပါသော်လည်း အဆိုပါဘလော့ဂ်၏ မည်သည့်စာမျက်နှာ၌ ဖော်ပြထားသည်ကို လွယ်ကူစွာ လမ်းညွှန်နိုင်မှုမရှိခြင်းနှင့် မိမိအနေဖြင့်လည်း ဘလော့ဂ်မှတ်စုအနေဖြင့် သိမ်းဆည်းထားလိုခြင်းတို့ကြောင့် ယခုကဲ့သို့ မိမိနားလည်သမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။



၁။     ပထမဆုံး ဒီနေရာမှာ မိမိရဲ့ Gtalk Account ဖြင့် Sing in လုပ်ပါ။





၂။     ပြီးလျှင် အောက်ကပုံမှာ ပြထားတဲ့ HTML code တွေကို Copy လုပ်ပါ။



၃။     မိမိရဲ့ ဘလော့ဂ်မှာ Sign in လုပ်ပါ။ Layout ===>>Add a Gadget===>>HTML/JavaScript မှာ အပေါ်က ကူးခဲ့တဲ့ HTML code တွေကို Paste လုပ်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာကတော့ ဒီ Code ထဲမှာပါတဲ့ Width နဲ့ Height ကို မိမိရဲ့ Sidebar နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ.. ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)