Saturday, January 15, 2011
iTune မှာ sign up လုပ်နည်း
iDevice များအတွက် Application တွေကို iTune Store ကနေပြီး Download လုပ်နိုင်ရန် အတွက် iTune Account တစ်ခုရှိဖို့  လိုအပ်ပါတယ် ဒီလို iTune Account ဖွင့်ကြတဲ့ အခါမှာ Credit card မရှိလို့  ဖွင့်ရန် အခက်အခဲရှိနေတယ် ဆိုတဲ့ မိတ်ဆွေများအတွက် None အနေနဲ့  Account ဖွင့်နိုင်ဖို့  နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်...
ပထမဦးစွာ iTune Account ဖွင့်ဖို့ အတွက် မိမိမှာ e-mail Account တစ်ခုရယ် ဖုန်းနံပါတ် တစ်ခုရယ် လိုအပ်ပါတယ်... ရိုးရိုးတန်းတန်း Sing Up လုပ်မယ် ဆိုရင်တော့ Payment Method မှာ Visa,Master (သို့ ) American Express Card တစ်ခု မဟုတ် တစ်ခုကို ရွေးချယ်ရပါလိမ့်မယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့ လို လူမျိုးတွေ အတွက် အကြီးအကျယ် ပြဿနာတက်ပြီပေါ့ဗျာ။ မပူပါနဲ့  ဘာ Credit card မှမလိုတဲ့ None ဆိုတဲ့ Option လေး ပေါ်လာအောင် ဒီလိုလုပ်လိုက်ကြပါလား....
၁) iTune ကို PC မှာ Download ဆွဲပြီး အရင် Install လုပ်ပါ (မရှိသေးဘူး ဆိုရင်ပေါ့)
၂) Install လုပ်ပြီးရင် iTune ထဲက iTune Store ကိုသွားပါ
၃) အဲဒီအထဲက Free ရတဲ့ App တစ်ခုကို Download လုပ်ပါ ဒီအခါမှာ Box တစ်ခုပေါ်လာပြီး Sing In လုပ်ဖို့  ပေါ်လာရင် Create New Account ကိုနှိပ်ပါ
၎) e-mail address တစ်ခုနဲ့  Sing Up လုပ်ပါ (Password ပေးရာမှာ အက္ခရာ အကြီး တစ်လုံး နှင့် ဂဏာန်း များ အပါအဝင် အနဲဆုံး (၈)လုံး ပေးရပါတယ်)
၅) လိုအပ်တာတွေကို ဖြည့်ပြီးရင် Continue ကိုနှိပ်သွားပါ
၆) ဒီအခါ "Payment Method" မှာ Credit card များအပြင် "None" ဆိုတာ တွေ့ ရပါလိမ့်မယ်
၇) "None" ကိုရွေးပြီး လိုအပ်တဲ့ ဖုန်းနံပါတ် လိပ်စာများ ဖြည့်သွင်းပြီး Sing up ဆက်လုပ်သွားနိုင်ပါပြီ
** နောက်ဆုံးမှာ သင့်အတွက် မည်သည့် Credit Card မှ မလိုပဲ iTune Account တစ်ခု ပိုင်ဆိုင်သွားပါလိမ့်မယ် **
iTune Account တစ်ခုပိုင်ဆိုင်ရေးသည် idevice သုံးဆွဲ သူများအားလုံး၏ ရပိုင်ခွင့် တစ်ခုဖြစ်သည်
ပြီးပါပြီ ...
Labels:
iTune
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)