Showing posts with label Password. Show all posts
Showing posts with label Password. Show all posts

Wednesday, July 14, 2010

စိတ်ချရတဲ့ Password

ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ E-mail တို့၊ Blog တို့၊ Web Site တို့နဲ့ ထိတွေ့ လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် Password ဆိုတာကလည်း မရှိမဖြစ် အရေးကြီးလှပါတယ်။ အဲဒီ Password ဆိုတာကိုလည်း ကျွန်တော်တို့ ကိုယ့်သင်္ကေတနဲ့ ကိုယ် မှတ်သားထားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အရေ:ကြီးတဲ့ အချက်အလက်တွေနဲ့ File တွေကို ခိုးယူဖို့ အမြဲကြံစည်အားထုတ်နေတဲ့ hacker တွေကတော့ နည်းအမျိုးမျိုးနဲ့ hack လုပ်မှာပါပဲ။ အဲံဒီတော့ hacker တွေ အလွယ်တကူ hack လုပ်လို့မရအောင် Password ကို Create လုပ်ပေးနိုင်တဲ့ Utilities လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သုံးစွဲရတာလည်း အရမ်းကို လွယ်ကူပါတယ်။ မိမိတို့ရဲ့ Password ကို အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်း စိတ်တိုင်းကျ ပြင်ဆင်သတ်မှတ်ပေးပြီး အလွယ်တကူ Create လုပ်လို့ရပါတယ်။ Create လုပ်ပြီးသား Password ကိုလည်း Password Checker ဆိုတဲ့ Tab ထဲမှာ လုံခြုံစိတ်ချရမှု ရှိ၊မရှိကို စစ်ဆေးနိုင်ပါတယ်။ အဲဒီအတွက်ကတော့ မိမိ Create လုပ်ထားပြီးသား Password ကို Password: ဆိုတဲ့ Text box ထဲကို Copy ကူးထည့်ပေးရုံပါပဲ။ အဲဒီလို ထည့်ပေးလိုက်ရုံနဲ့ အဲဒီ Password ရဲ့ လုံခြုံစိတ်ချရမှု အဆင့်(Strength)ကို Software က အလိုအလျောက် ပြသပေးပါလိမ့်မယ်။ လိုချင်တယ်ဆိုရင်တော့ ဒီမှာ    
 

Thursday, July 8, 2010

Creating strong passwords

Password တည်ဆောက်ရာမှာ အခြေခံကျပြီး မှတ်ရသားရ လွယ်ကူအောင် နည်းလမ်းကောင်းလေး တခုစဉ်းစားထားတာပါ။

Password အကြောင်း

ကျနော်တို့ ကွန်ပြူတာနဲ့ အကောင့် တွေကို ပထမဦးဆုံး အကာအကွယ်ပေးတာက passwords ဘဲဖြစ်ပါတယ်။ ကျနော်တို့ အများစုမှာ passwords ပြုလုပ်ရာတွင် များသောအားဖြင့် အဓိက သတိမထားမိတဲ့ အချက် ၂ ခု ပြုလုပ်တတ်တဲ့ အလေ့ ရှိပါတယ်။
၁။ လွယ်လွယ်ကူကူနဲ့ မှတ်ရလွယ်တဲ့ passwords ပြုလုပ်လေ့ရှိတယ်။