Monday, May 3, 2010
အချစ်ဗိုင်းရပ်စ်သတိထား
ကမ္ဘာတစ်ဝန်းလုံးရှိ အင်တာနက် သုံးစွဲသူများသည် ချစ်သူများနေ့တွင် အီးမေးလ်များမှတစ်ဆင့် ပို့စ်ကတ်များ၊ Linkများနှင့် အခြား Notice စာများဝင်ရောက်လာပါက အထူးသတိထားရန် လိုအပ်ကြောင်း ကမ္ဘာကျော်anti-virus လေ့လာစောင့်ကြည့် ရေးအဖွဲ့ Sophos မှ သတိပေးထားပါသည်။ အချို့ဗိုင်းရပ်စ်တွေဟာ အပြင်မှာ ဖြစ်နေတာနဲ့
ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ပြီး အချိန်ကိုက်ပို့လွှတ်တတ်ကြတယ်ဟု Sophosလုံခြုံရေး အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။ ဆူနာမီဗိုင်းရပ်စ် ၉.၁၁ ဗိုင်းရပ်စ်များနှင့် အခြားသော Malicions များသည်အချိန်ကိုက်၊ နှစ်ပတ်လည်အထိမ်းအမှတ် များနှင့် အတူထွက်ပေါ်လာခဲ့ပြီး ကွန်ပျူတာသမားများနှင့် လူပုဂ္ဂိုလ်များ စိတ်ဝင်စားနေကြသောအချိန်တွင် ဒုက္ခပေးခဲ့ဖူး သည့် အစဉ်အလာရှိသည်။ I love you ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် ငွေကြေးဒေါ်လာများ သန်းနဲ့ချီ၍ ဆုံးရှုံး နစ်နာခဲ့ဖူးကြောင်း ယင်းပုဂ္ဂိုလ်မှ ဆက်လက် ရှင်းပြခဲ့ပြီး အကယ်၍ မိမိသူငယ်ချင်း၊ မိတ်ဆွေတစ်ယောက်မှ ပေးပို့ သော Mail Message ဖြစ်ပါက အဆိုပါ ပုဂ္ဂိုလ်ဆီသို့ အတည်ပြုချက် ရယူထားရန် လိုအပ်ကြောင်းနှင့် ဝင်လာသမျှ အီးလ်မေး မှန်သမျှ အထူးဂရုစိုက် သင့်သည်ဟု ဆိုပါသည်။ Sophos သည် အင်္ဂလန်နိုင်ငံ အခြေစိုက် ဗိုင်းရပ်စ်ကာကွယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည်။
ပြီးပါပြီ ...
Labels:
ဗိုင်းရပ်စ်
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)