Monday, May 3, 2010
Security Update များ Microsoft
Windows 7, Windows 2000 နှင့် Windows XP များအတွက် နောက်ဆုံးပေါ် လုံခြုံရေးလင့်ခ်များနှင့် Windows server (2001, 2008 နှင့် 2008 R2) များအတွက် Security Update များကို ထုတ်ပေးရန် ပြင်ဆင် နေသည်။
မကြာမီတွင် သုံးစွဲသူများဆီသို့ ရောက်ရှိစေမည်ဟု Microsoft မှ ကြေညာထား သည်။ Microsoft သည် ၂၀၁၀ ခုနှစ်တွင် ထုတ်လွှင့် ရန်ရှိသော လုံခြုံရေး ဖာထေးချက်ပေါင်း ၂၆ ခုအနက် ၁၃ ခု ကို ၂၀ဝ၉ ခုနှစ်အကုန်တွင် ထုတ်လွှင့်နိုင်ခဲ့ရာ လုံခြုံရေးယိုကွက်ပေါင်း ၃၄ ခုခန့် ကို ဖာထေးပြင်ဆင်နိုင်ခဲ့ပြီဖြစ်သည်။ ယခုတဖန် Windows 7 တွင် တွေ့ကြုံရသော Security အားနည်းချက်များကို ပရိုဂရမ်မာများနှင့် developer များက အချိန်မီရေးသားလျက် ထုတ်လွှင့်ရန် ကြံစည် လျက်ရှိရာ ၂၀ဝ၄ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သော SDL ပရိုဂရမ်ပေါ်တွင် အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ Hacker နှင့် Virus ရေးသားဖြန့်ချိသူများသည် Windows 7 ၏ လုံခြုံရေးဟာကွက်များကို အလောတကြီး ရှာဖွေစူးစမ်းနေကြသည်ဖြစ်ရာ ယခုဧပြီလမကုန်ခင်တွင် Microsoft မှ Security Update များကို အချိန်မီထုတ်လွှင့်နိုင်မည်ဆိုပါက Windows 7 ၏ ခိုင်မာတောင့်တင်းလှ သော Network စနစ်မှာ အပြစ်ပြောစရာမရှိသော OS တစ်ခုအဖြစ်သို့ ရောက်ရှိစေရမည်ဟု Microsoft ၏ လုံခြုံရေး အရာရှိများက ထင်မြင် ယူဆထားကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။
ပြီးပါပြီ ...
Labels:
မိုက်ကရိုဆော့ဖ်
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)