
WordPress OpenSource Platform ကို စပြီးတည်ထောင်တဲ့ Automattic ကနေပြီး VaultPress ဆိုတဲ့ plug in တစ်ခု စပြီး beta အနေနဲ့ ဖြန့်ထားပါပြီ။ VaultPress က Multi-Clouds Back Up service တစ်ခုဖြစ်ပါတယ်။ Self-host WordPress blog တွေကို အလိုလျောက် back up လုပ်ပေးမယ့် plug in ပါ။ ဖရီးထင်လို့ ပျော်ပြီး VaultPress ဆိုဒ်မှာ sign up လုပ်လိုက်တော့ တစ်လကို 15$ ပေးရမယ်ဆိုတာ သိပါတယ်ဆိုတဲ့ အကြောင်းပါ ပါနေတာနဲ့ မလုပ်တော့ပဲ ရပ်လိုက်တယ်။ 15$ တော့ မပေးနိုင်ဘူး ကိုယ့်ဖာသာပဲ အလုပ်များချင်များပစေတော့ manual ပဲ လုပ်ပါတော့မယ်။

15$ ကျပ်ဆိုတာ ဝင်ငွေမရှိတဲ့ မြန်မာ blog တွေ အတွက်တော့ များပေမယ့် တစ်လ 6,000$ လောက် အလကားရနေတဲ့ English Lang: Blog မျိုးတွေကတော့ ပေးနိုင်ကြမှာပါ။ Service က scalable Cloud Server Back Up ရနိုင်မယ်။ Security ပါတွဲပါတယ်.. Realtime Monitoring ပါတယ်.. WordPress.com က အင်ဂျင်နီယာတွေ monitoring လုပ်ပေးတယ်လို့ ဆိုတယ်။ လောလောဆယ်တော့ ဆိုဒ်ကနေလှည့်ပြန်လာပြီး ဘလော့ဂ်ဝင်ရေးပါတယ်။ နောက် ကမ္ဘာကျော် blog ဖြစ်ရင် သုံးဖို့ အစီအစဉ်ရှိပါတယ်။ ဆားချက်ခြင်းပို့စ် ပြီးပါပြီ ခင်ဗျာ…
ပြီးပါပြီ ...
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)