Thursday, July 15, 2010

Chirstmas is Beauty with WordPress 2.9



Christmas ကတော့ တဖြည်းဖြည်းနီးလာပါပြီ Christmas အတွက် ပစ္စည်းအသစ်အဆန်းတွေ market ထဲရောက်နေသလိုပဲ WordPress ကလဲ သူ့ရဲ့ major upgrade Version 2.9 ကို ဒီနေ့ အစောပိုင်းမှာပဲ release လုပ်လိုက်ပါပြီ။ အခု တစ်ခေါက် 2.9 အရင် version တွေလိုပဲ jazz အဆိုတော် တစ်ယောက်နာမည်ကို ဂုဏ်ပြုထားတဲ့ အနေနဲ့ code name “Carmen” လို့ ပေးထားပါတယ်။ အခု version အသစ်ကို Dashboard > Tools> Upgrade ကနေ မြှင့်နိုင်သလို Download လုပ်ပြီးတော့လည်း မြှင့်ယူနိုင်ပါတယ်။

အခု အသစ်ထွက်တဲ့ version 2.9 ကို contributors 140 ကျော်က develop လုပ်ထားတဲ့ code တွေပါဝင်ပါတယ်။ သိသာတဲ့ features တွေကတော့ ပို့စ်တွေ၊ ကွန်မန့်တွေကို delete လုပ်တဲ့ အခါ trash နေရာတစ်ခုပါလာပြီး နောက်တစ်ဆင့် back up ထားပေးတာပါပဲ.. နောက်ထပ်ပါတာကတော့ built in Image Editor ပါလာပါတယ်။ အရင်က image editing အတွက် သီးသန့် plug in တွေ ထပ်ထည့်မှ ရပါတယ်။ အခုကတော့ တစ်ခါတဲပါလာပါပြီ နောက် SEO optimize လုပ်တာ video embedding တွေ အတွက် features အသစ်တွေပါလာတာ တွေ့ရပါတယ်။ အသေးစိတ်ကိုတော့ Official Release မှာ ဖတ်ကြည့်လို့ ရပါတယ်။ အခု version အသစ်ကလဲ အရင် version တွေလိုပဲ နာရီပိုင်းအတွင်းမှာ download ပေါင်း သိန်းချီ တက်သွားမယ်လို့ ခန့်မှန်းရပါတယ်။



 ပြီးပါပြီ ...

0 comments:

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)