Screensaver and Sleep
Screensaver နဲ့ Sleep တို့က
အလုပ်လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံချင်းလည်း မကွာကြပါဘူး။
ကျတော်တို့ Window Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Window 7
မှာတော့ Turn of Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံကတော့
အားလုံးသိပီးတဲ့အတိုင်း စက်ကိုမပိတ်ပဲ ဒီတိုင်းထားတာ ကြာလာတဲ့အခါ Power
Save လုပ်တဲ့အနေနဲ့ Monitor ကို ခနပိတ်ပေးထားရုံပါပဲ။ လုပ်လက်စ
အလုပ်တွေကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။
Sleep ရဲ့ အလုပ်လုပ်ပုံက
ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပီး ထမင်းစားတာဖြစ်ဖြစ်
စက်နဲ့ဝေးတဲ့နေရာကို ခနသွားပီး ပြန်လာတာနဲ့ လုပ်လက်စတွေကို
ချက်ချင်းပြန်လုပ်ချင် တဲ့အခြေအနေ မျိုးဆိုရင် Sleep က Ram ထဲမှာ
လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။ တနည်းအားဖြင့် Stand by သဘောပါပဲ။
Laptop တွေမှာဆိုရင် Sleep လုပ်ထားခဲ့ရင် သူက Power(Battery)
သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop
ကိုသုံးနေရတဲ့ အခါမျိုးမှာ အဆင်ပြေစေပါတယ်။ ဘာကြောင့် အနည်းငယ်ပဲ
လို့ဆိုရတာလဲ ဆိုတော့ Sleep က Power Supply ကို Shut Down လုပ်လိုက်တာ
မဟုတ်တဲ့အပြင် Ram ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ်
လိုအပ်တဲ့ အတွက်ကြောင့်ပါ။ Sleep ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့
Sleep လုပ်ထားပီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop တွေမှာဆိုရင် Sleep
လုပ်ထားတုန်း Battery ကုန်သွားတာမျိုးဆိုရင် လုပ်လက်စအလုပ်တွေ၊
ဖွင့်ထားတဲ့ ဖိုင်တွေအကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save
မလုပ်ထားတဲ့ အရာတွေအကုန် ပျက်သွားပါတယ်။ ( Power Option ကနေ Monitor ,
Hard Disk တွေကိုလည် Turn on.Turn off သတ်မှတ်နိုင်ပါသေးတယ်။
Hibernation & Shutdown
Shutdown နဲ့ Hibernation က
အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့
နည်းနည်းလေးကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု
လုပ်လိုက်တာနဲ့ စက်ကြီးပိတ်ပြီ Power Off သွားတာချင်း တူပေမယ့်
ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာပါတယ်။ Shutdown လုပ်လိုက်ရင်
လုပ်လက်စတွေထဲက တချို့ application တွေကို စက်က အလိုလိုပိတ်ပေးပီး
တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ
လားဆိုပီး မေးပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save
မလုပ်ပေးတော့ပါဘူး။
Hibernation အပိုင်းမှာတော့
Hibernation လုပ်လိုက်တာနဲ့ သူကလုပ်လက်စ အလုပ်တွေအကုန်လုံးကို Hard Disk
ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို
ချက်ချင်းမှတ်ထားပီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ
မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို နောက်ဆုံး အခြေအနေအတိုင်း
မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။
Vista
မှာဆိုရင် Hibernation ကို Hybrid sleep mode လို့ခေါ်ပါတယ်။ ကျတော်တို့
Window Vista မှာဆိုရင် Sleep လုပ်တာနဲ့ Hybrid Sleep Mode အခြေအနေကို
တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ
ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sleep ကို Disable ဒါမှမဟုတ် Turn
off ပေးထားခဲ့ရင် Sleep Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက်
ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။
သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး
ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်လိုချင်တဲ့ Power ချွေတာပီး
သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့်
သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation
File တွေကို မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ
ဖြစ်ပေါ်လာစေတဲ့ အတွက် Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့
မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို မိမိသေချာရွေးချယ်
လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။
Switch User & Lock
သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့
မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ မရှိတဲ့အချိန်မှာ
သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့
ကောင်လေးတွေပါ။
Switch User
ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password
ခံထားရင် Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။
လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)
Logoff & Restart
Logoff ရဲ့ လုပ်ဆောင်ချက်ကတော့
သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart ချခိုင်းတဲ့
နေရာမှာ Restart ချ စရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင် အဲ့ဒီ
Application အလုပ်လုပ်မှာဖြစ်ပါတယ်။ လုပ်လက်စတွေ အကုန်လုံးကို Save
မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် Power Supply
တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေအကုန် Log
Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့
ကျတော်တို့ Registry ပိုင်းမှာ တခုခုဝင့်ပြင်တာမျိုး၊ ဒါမှမဟုတ် Software
တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လိုအပ်လာရင် Restat မပေးဘဲ Logoff
လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်) စေပါတယ်။)
ပြီးပါပြီ ...
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)