ကျွန်တော်တို့ Window 7 မှာ မိမိတို့ ကြိုက်တဲ့ Folder တွေကို Taskbar မှာ
တွဲချိတ်ထားဖို့(pin) လုပ်ထားဖို့ဆိုတာ တိုက်ရိုက်လုပ်လို့ မရနိုင်ပါဘူး။
ဒါပေမယ့် လုပ်လို့ရတဲ့ နည်းလေးတွေတော့ ရှိပါသေးတယ်။ မိမိအမြဲတမ်း သုံးနေကျ
folder လေးတွေကို Taskbar လေးမျာ တွဲချိတ်(pin) ထားလိုက်ရင်
မြန်မြန်ဆန်ဆန်နဲ့ လိုချင်တဲ့နေရာ ရောက်အောင်သွားနိုင်ပါတယ်။ မိမိသုံးနေကျ
Folder တွေကို Taskbar မှာ ချိတ်ပေးလိုက်တဲ့ အတွက် Desktop ကို
ရှင်းရှင်းလင်းလင်း ထားချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Window 7
သုံးနေရပေမယ့် Apple window သုံးနေရတဲ့ ပုံစံလေး မြင်တွေ့ရမယ်လို့
ဆိုထားပါတယ်။ သုံးကြည့်လိုက်ပါ။ တော်တော်လေး အဆင်ပြေပါတယ်။
1. ပထမဆုံး ဒေါင်းလုပ်ချလိုက်ပါ။
2. ဒေါင်းလုပ်ချပီးတာနဲ့ Folder ထဲမှာပါတဲ့ .exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ ပုံလေးကို တွေ့ရပါလိမ့်မယ်။
1. Stack Name နေရာမှာ မိမိကြိုက်နှစ်သက်ရာ နံမည်ပေးပါ။
2. Path မှာ မိမိ Pin(တွယ်ချိတ်) ထားချင်တဲ့ Folder ရှိတဲ့နေရာကို
သွားပြီး ရွေးပေးလိုက်ပါ။ ဥပမာ ကျွန်တော်ကတော့ Control Pannel
ကိုရွေးပေးထားပါတယ်။
3. Open As မှာ Grid, Auto & Stack ဆိုတာ ရှိပါတယ်။
မိမိကြိုက်နှစ်သက်ရာ တခုခုရွေးနိုင်ပါတယ်။ Direction မှာ Up,Down,Left
& Right ဆိုပြီး ရှိပါတယ်။ ကြိုက်နှစ်သက်ရာ တခုရွေးပါ။ Switch to grid
after မှာ မိမိ ထည့်ချင်တဲ့ Item အရေအတွက်တွေ သတ်မှတ်ပေးလို့ ရပါတယ်။
4. Force open positon မှာ X ၀င်ရိုးနဲ့ Y ၀င်ရိုးမှာ မိမိကြိုက်သလောက် သတ်မှတ်ပေးလို့ ရပါတယ်။
5. Create Stack ဆိုတာလေး လုပ်ပီးတာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါပီ။
6. Create shortcut ဆိုတာလေး နှိပ်ပီး Shortcut လေး လုပ်ထားပေးလို့ ရပါတယ်။
7. အားလုံးပြီးသွားရင်တော့ OK ပေးလိုက်ပေါ့။
အားလုံး ပြီးသွားရင် မိမိ Shortcut ပေးထားတဲ့ နေရာလေးကနေ Right click
ထောက်ပီး Pin to Taskbar ဆိုပီး လုပ်ပေးလိုက်တာနဲ့ အစအဆုံးအကုန်လုံး
အဆင်ပြေသွားပါပီ။
ပြီးပါပြီ ...
0 comments:
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)